နင်ငါကိုချစ်တာ

အသည်းနှလုံးနဲပါ

ငါနင်ကိုချစ်တာ

ဒူးနှစ်လုံးနဲ.ပါ

လွမ်းမိတဲ့ည

By MMFD on January 10, 2011

မှောင်ထဲ မည်းထဲ

သတိရစိတ်က ငုတ်တုတ်ထိုင်

ငေးမိငေးရာကိုငိုင်နေရင်း

လွမ်းတဲ့စိတ်က

အိပ်ရာခင်းလို တွန့်ကြေလာ။

မမြင်မှုန်ဝါးဝါးမှာ

စိတ်ဟာ ခန္ဓာ ကိုခွာ

အတိတ်လိုလို အရိပ်လိုလို

တစ္ဆေတစ်ကောင်လိုလွင့်မျော

ညနက်နက်မှာ

အလွမ်းတွေက အရောင်ရင့်ရင့်လာ။

သောတရှင်ရဲ့လိုရာတေးမှာ

ရင်ဘက်ချင်းညှိသံတွေ

ကြေကွဲဖွယ်ဆွတ်ပျံ့

အလွမ်းဓါတ်ခံဂီတမှာ

ကြယ်တွေဟာ အလိုက်သင့်ကြွေ။

ခရေကောက်သူတစ်ယောက်သာ

အရှိုက်ထိတဲ့ သတိတရတွေ

သီရင်း ကုံးရင်း

အချစ်ရယ်

ဝေးကွာခြင်းကို ဘယ်သို့ နာရမယ်..

သတိတရနဲ့ ဘယ်နှစ်ကြိမ် အိုရမယ်

ကွယ်..လွမ်းရခက်လေတယ်။

နှင်းနုလွင်

ဒီဇင်ဘာ (၁၄) ရက်တိုင်းသည် မြန်မာသူငယ်ချင်းများနေ့ ဖြစ်သည်

မြန်မာသူငယ်ချင်းများ (http://friendsdaygroup.ning.com) ဆိုက်မှ အဖွဲ့ဝင်များ၏ ကဗျာများကို ရွေးချယ်ပေးထားခြင်းဖြစ်သည်။ ရွေးထားသော ကဗျာတွင် သင့်ကြိုက်သောမပါခဲ့ပါက ကိုယ်တိုင်ဝင်ရောက် တင်နိုင်ပါသည်။

Browse: Home / / သမိုင်းဆိုတာ မကျွတ်လွတ်တဲ့တစ္ဆေ

သမိုင်းဆိုတာ မကျွတ်လွတ်တဲ့တစ္ဆေ

By MMFD on September 23, 2010

ငါးမိနစ်သုံးယောက်နှုန်းလူတွေ သေနေတယ်

အဆုတ်ကင်ဆာကြောင့်

အစာအိမ်ကင်ဆာကြောင့်

သွေးကင်ဆာကြောင့်

ကပ်ရောဂါကြောင့်

ရာသီဥတုဖောက်ပြန်မှုကြောင့်

အသေခံဗုံးကြောင့်

စည်းကမ်းမဲ့ သေနတ်သမားကြောင့်

တစ်ဦးတစ်ယောက်ရဲ့ ပေါ့ဆမှုကြောင့်

သေဒဏ်ကျတဲ့ ပြစ်မှုတစ်ခုခုကြောင့်

သေကြောင်း ကြံစည်မှုကြောင့်

တစ်ခုခုနဲ့ ခင်ဗျားသေရတော့မယ်ဆိုပါစို့

အဲဒီတစ်ခုခုက အခြားတစ်ခု မဟုတ်ဘူးဆိုပါစို့

ဒီကိစ္စဟာ ဒီနေ့တည်းမှာပဲ အခုအချိန်ပဲ

ခွင့်လည်း ထပ်မရတော့ဘူးဆိုကြပါတော့စို့

ချက်ချင်းဆိုတော့ ခင်ဗျား ဘာလုပ်သွားချင်လဲ

အောက်စီဂျင်အဝရှုသွားချင်သေးလား

နိုင်ငံသားကောင်း လူငယ်ဂုဏ်ဆောင်ဆိုပြီးတော့

ကိုယ်ထင်ရာနဲ့ ကိုယ်မှန်ကန်ခဲ့ချင်သေးလား

နျူကလီးယားကိစ္စ ဆွေးနွေးသွားခဲ့ချင်လား

ကမ္ဘာပေါ် စာမတတ်သူဦးရေ သန်းခုနှစ်ရာအတွက်

တစ်ခုခု လုပ်ပေးခဲ့ချင်သေးလား

သုံးယောက်သေရင် တစ်ယောက်ဟာ

အာဟာရပြတ်လတ်မှုကြောင့် ဖြစ်ရတာကို

တားဆီးခဲ့ချင်သေးလား

အပြစ်မဲ့သေနေရတဲ့ ပြည်သူတွေအတွက်

မျက်ရည်တွေ ချန်ပေးခဲ့ချင်လား

ဘာလဲ ဇော်ဂျီရဲ့ သင်သေသွားသော်

ကဗျာထဲက စာသားတွေကို သဘောကျနေလား

အခု ကောင်းတာကို လုပ်နေတာလား

ကောင်းတယ်လို့ ထင်တာကို လုပ်နေတာလား

ကောင်းတယ်လို့ ယူဆရလို့ လုပ်နေတာလား

ကောင်းတယ်လို့ ကြားဖူးလို့ လုပ်နေတာလား

ကောင်းတယ်လို့ မြှောက်ပေးခံရလို့ လုပ်နေတာလား

ကျမ်းဂန်လာလား၊ မိရိုးဖလာလား

မထွေပြားဘူးလား၊ မဝေဝါးဘူးလား

ရူပဗေဒအရလား၊ ဘဝပေးတာဝန်ဆိုပြီးတော့လား

လူတိုင်း တစ်ခုခုကိုကျွမ်းကျင်ကြတယ်ဆိုတာ သိလား

အဲဒီ ကျွမ်းကျင်မှုကို နေ့စဉ်အသုံးချနေတယ်ဆိုတာကော သိလား

မည်သူမဆို ကောင်းတဲ့နေရာမှာ မကျွမ်းကျင်ခဲ့ရင်

ဘယ်နေရာမှာ ကျွမ်းကျင်တယ်ဆိုတာကို

ဗေဒင်လိုက်မမေးနဲ့ သိလား

ဒါနဲ့ စကားမစပ် ခင်ဗျားသေတော့မှာနော်

ရွေးချယ်ခွင့်မရှိတဲ့ တစ်ခုခုနဲ့ ခင်ဗျားသေတော့မှာ

ဒါတွေ မလုပ်နိုင်ဘူးဆိုရင် ဘာကို ရွေးချယ်မလဲ

တစ်နေရာရာမှာ နာမည်ရေးထိုးခဲ့ချင်သေးလား

ပေထက်မှာလား လေထက်မှာလား

ကျောက်ထက်မှာလား ချောက်နက်မှာလား

မုန်းမိတဲ့သူကို ပျစ်ပျစ်နစ်နစ် ဆဲခဲ့ချင်လား

ချစ်မိတဲ့သူကို စူးစူးနစ်နစ် တစ်ချက်လောက် နမ်းခဲ့ချင်လား

ငါးမိနစ် လူသုံးယောက်နှုန်းသေနေတယ်

အခု ငါးမိနစ်မှာသေမယ့် လူသုံးယောက်ထဲက တစ်ယောက်ဟာ

အခု စာဖတ်နေတဲ့ ခင်ဗျားမဖြစ်နိုင်ဘူးလို့ ပြောရဲလား။

ဂျေဂျူဝိုင်