Latest Entries »

ပာာသများကို

Internet မှရှာဖွေထားပြီး

ကဗျာများကိုwww.friendsdaygroup.comမှ ကူယူတင်ဆက်ထားပါသည်

ထို.ကြောင့် ကဗျားများနှင့်စာမူများကိုဖော်ပြခွင့်ပြုရန်တောင်းပန်အပ်ပါသည်။

ကျောင်းနေအရွယ် ကလေးသူငယ်များ ဖုန်းကိုင်ဆောင်မှုပိုမိုလာပြီး ဖုန်းဖြင့် အလွဲအသုံးချသည့် ဖြစ်ရပ်များကို သတိပြုသင့် PDF | Print |
ကျောင်းနေအရွယ် ကလေး သူငယ်များ ဖုန်းကိုင်ဆောင်မှုပိုမိုလာပြီး ဖုန်းဖြင့်အလွဲအသုံးချသည့် ဖြစ်ရပ်များကို မိဘများအနေဖြင့် သတိပြုသင့်ကြောင်း ပညာရေးအသိုင်းအ၀ိုင်း နှင့် ဖုန်းအရောင်းဆိုင်အချို့မှတာဝန်ရှိ သူများကသုံးသပ်ပြောကြားခဲ့သည်။ 

အီလက်ထရောနစ် နည်းပညာများ ကလေးသူငယ်များအကြား စတင်မှုအဖြစ် MP 3 ၊ MP 4  များ နေရာယူခဲ့ကာ နောက်ပိုင်းတွင် ကွန်ပျူတာ အသုံးချမှု နည်းပညာများ ၀င်ရောက်လာခဲ့သည်။ ယခုချိန်တွင်မူ မိုဘိုင်း ဖုန်းကိုင်ဆောင်မှုမှာ တဖြည်းဖြည်း ၀င်ရောက်နေရာယူလာကြောင်း သိရသည်။

“အထူးသဖြင့် အခြေခံပညာ အလယ်တန်းအရွယ်တွေ ခုနစ်တန်း၊ ရှစ်တန်းတွေ ဖုန်းကိုင်ကြတာ များပါတယ်။ ကိုင်နိုင်တဲ့သူတွေကလည်း မြို့ထဲက ကျောင်းသား၊ ကျောင်းသူ တွေအများစုပါ။ မိဘတွေအနေနဲ့ ကလည်း ကလေးတွေနဲ့ အမြဲတမ်းဆက်သွယ်နိုင်တာရယ်၊ ဂုဏ်တုဂုဏ်ပြိုင် လုပ်ချင်မှုလေးတွေတော့ ပါနိုင်ပါတယ်” ဟု ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျောင်းဆရာမတစ်ဦးက ဆိုပါသည်။

“ကျောင်းကလွှတ်တဲ့ လေ့လာရေးခရီးစဉ်တစ်ခုမှာ တူလေးကဖုန်းကိုင်သွားချင်တယ်ဆိုပြီး ပူဆာပါတယ်။ တူလေးက ခြောက်တန်းပါ။ သူ့အခန်းဖော်တွေ အကုန်လုံးနီးပါး ဖုန်းကိုင်နိုင်တော့ကလေးရဲ့ စိတ်ထဲ မှာ ဖုန်းမကိုင်နိုင်ရင်ဘဲ ဂုဏ်ငယ်သလို ခံစားနေရတယ်လို့ ထင်ရပါတယ်။ ခေတ်ပေါ်ပစ္စည်းတွေ တိုးတက်လာတာကောင်းပေမယ့် ဒီလိုစာသင်ရမယ့် အရွယ်မှာ ဒီလိုပစ္စည်းတွေကို ကလေးတွေ အာရုံအရမ်းရောက်နေလွန်းရင်တော့ သိပ်မကောင်းလှဘူး” ဟု ကမာရွတ်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းတစ်ခုတွင် တက်ရောက်နေသော ကျောင်းသားတစ်ဦး၏ အဒေါ်ဖြစ်သူက ပြောပြခဲ့သည်။

“ဆရာတို့ကျောင်းမှာ MP 3 ၊ MP 4 ၊ ကင်မရာတွေကို အရင်ကတည်းက ယူဆောင်ခွင့် မပြုထားပါဘူး။ အခုနောက်ပိုင်းမှာ မိုဘိုင်းဖုန်း အသုံးပြုသူတွေများလာတော့ ဖုန်းတွေကိုပါ ယူဆောင်ခွင့်မပေးပါဘူး။ တစ်ခုရှိတာက ကလေးနေမကောင်း လို့ မိဘကဖုန်းပေးလိုက်တာမျိုးတွေ ကိုတော့ နားလည်မှုနဲ့ ခွင့်ပြုထားပါတယ်။ ဒီလိုဖုန်းပါလာရင် အတန်းပိုင်ဆရာမကို အသိပေးထားရမယ်လို့ စည်းကမ်း ထုတ်ပြန်ထားပါတယ်။ MP 3 ၊ MP 4  ၊ ကင်မရာတွေ ယူလာလို့တွေ့ရှိရင် ပစ္စည်းတွေကိုအပြီး သိမ်းလိုက်ပြီး စာသင်နှစ်ကုန်မှ ပြန်ပေးပါတယ်။ ဖုန်းတွေ့ရှိရင်တော့ ဟန်းဆက်ရော၊ ကဒ်ကိုပါ တစ်ပတ် သိမ်းထားတယ်။ တစ်ပတ်ပြည့်ရင် မိဘခေါ်ပြီး မိဘကိုယ်တိုင် ခံဝန်ကတိထိုးခိုင်းပါတယ်။ မလိုအပ်ဘဲ စာသင်ခန်းနဲ့ မသက်ဆိုင်တဲ့ ပစ္စည်းတွေယူဆောင်လာပြီး ဓာတ်ပုံရိုက်တာ၊ သီချင်း နားထောင်တာတွေ၊ Bluetooth နဲ့ သီချင်းတွေ၊ ဓာတ်ပုံတွေကို ဖုန်းအချင်းချင်း ပို့တာတွေရှိတာကြောင့် စည်းကမ်း ထုတ်ပြန်ထားရှိတာပါ”အထက (၁)ဒဂုံ မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ကိုကိုက ရှင်းပြခဲ့ပါသည်။

ကျောင်းနေအရွယ် ကလေး အရွယ်များ မိုဘိုင်းဖုန်းကိုင်ဆောင်မှု၌ ပုဂ္ဂလိကကျောင်းများတွင် အများဆုံး ကိုင်ဆောင်ကြပြီး နာမည်ကြီးအထက်တန်းကျောင်းအချို့မှ ကျောင်းနေအရွယ်များ၌လည်း ကိုင်ဆောင်မှု မြင့်တက်လာကြောင်း သိရသည်။

အိုင်တီခေတ် နှင့် မျက်မမြင် ၅ ယောက်

6:24 am in Other – Non Channelized by Shwemannmay

တခါက ပေါ့ကွယ် …မျက်မမြင် ၅ ယောက်ရှိကြပါသတဲ့ …သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး အကြောင်းအရာ တစ်ခုခုကို နေ့စဉ်
ပြောဆိုဆွေးနွေးငြင်းခုန်ကြပါသတဲ့ …

တစ်နေ့တော့ ..သူတို့ဟာ …အင်တာနက် ဆိုတဲ့ အကြောင်းအရာကစပြီး
ဆွေးနွေးလာလိုက်ကြတာ နောက်ဆုံးတော့ ကွန်ပျူတာ ဆိုတာ ဘယ်လိုဟာလဲ ဆိုတဲ့
မေးခွန်း ကို ရောက်သွားကြပါသတဲ့ …

လေသန်သန်နဲ့ ..အင်တာနက် အကြော…င်းကိုသာ ရွှီးနေကြတာ …ကွန်ပျူတာ ဆိုတာ ဖြူ
သလား မဲသလား ..မသိကြဘူး ကွဲ့ ..အဲလေ ..ဘယ်သိမှာလဲ သူတို့က မျက်မမြင်တွေကိုး
..

တစ်နေ့တော့ ..သူတို့ ၅ ဦး ဆုံပြီး ..ကွန်ပျူတာ ဆိုတာ ဘယ်လို ဟာလဲ သိဘို့
…အတွက် ..ကိုကြီးကျော် ရဲ့ ရုံးခန်းကို ရောက်လာကြပါသတဲ့ …
ရောက်လာတယ်ဆိုရင်ဘဲ ကိုကြီးကျော် ကို အကျိုးအကြောင်း ပြောပြတော့
..ကိုကြီးကျော်လဲ အတော် သဘောတွေ ကျသွားပါသတဲ့ …

” အမယ် တယ်ဟုတ်ပါလား ..ကို့ ညီတို့ ကိုတော့ လေးစာသွား ပဟ …အစ်ကို ကူညီမယ် ”

ဆိုပြီး ..သူ့ရဲ့ ဧည့်ခန်းထဲကို ထိုင်ခိုင်း ပါသတဲ့ …

ပြီးတော့ ..သူ့ရုံးခန်းမှာလဲ ဧည့်သည်တွေ မရှိတော့ အိုကေဘဲပေါ့

သူဖတ်ဖူးတဲ့ ဟိုပုံပြင်ထဲက မျက်မမြင်တွေ ဆင်ကြီးကို စမ်းသလိုမျိုး စမ်းပြီး
ကွန်ပျူတာကို ဘယ်လို ဥပမာပေးကြမလဲ ဆိုတာ သိပ်သိချင်နေတာပေါ့

ဒီလိုနဲ့ဘဲ ပထမ ဦးဆုံးတစ်ယောက်ကို ..အခန်းထဲကို ၀င်ခိုင်းပြီး
စမ်းစေပါသတဲ့

ခဏနေတော့ ..သူ ပြန်ထွက်လာပြီး ကိုကြီးကျော်ကို ပြောသတဲ့ ..

” ကိုကြီးရာ ..တကယ်တော့ ကွန်ပျူတာဆိုတာ …အပျိုမလေး ရဲ့ ဗိုက်သား လိုပါဘဲလား
ဗျာ ..မျက်နှာပြင်ကလေးက ချောမွေ့ နေတာကိုး ” တဲ့

ကိုကြီးကျော် သဘောကျ သွားသပေါ့ …

ဥပမာ ကလေးက ကောင်းတော့ သဘောတွေ ကျသပေါ့

” အင်း …ဒီကောင် မော်နီတာ မျက်နှာပြင်ကို စမ်းမိ သွားပြီဘဲ ”

နောက်တစ်ယောက် ၀င်သွားပါသတဲ့ …

သူလဲ ..ပြန်ထွက်လာပြီး …

” အော် ကွန်ပျူတာ ဆိုတာ ..အပျိုမ ကလေးရဲ့ ခြေထောက် ကလေးတွေ လိုပါဘဲ ” တဲ့

” အမ် …မင်းက ဘယ်လို စမ်းတာလဲ ” ဆိုတော့

” ကျနော် ထိုင်ပြီး စမ်းတာပါ” …တဲ့ ”

” အော်…ဒီကောင် …ကွန်ပျူတာ တင်ထားတဲ့ ..စားပွဲခြေထောက်ကို စမ်းမိတာပါလား
….ဟားဟား …”

နောက်ထပ် တစ်ယောက် ၀င်ပါသတဲ့ကွယ် ..

သူလဲ ပြန်ထွက်လာတော့ ပြုံးစေ့စေ့နဲ့ ..

” ကွန်ပျူတာဆိုတာ ..အပျို မ ကလေးရဲ့ …အသားလိုပါဘဲ ..နှိပ်လိုက်ရင်
ခွက်ဝင်သွားတယ်နော် …” တဲ့

” အော် ဒီကောင် ကီးဘုတ်ကို စမ်းမိတာကိုး ”

ကိုကြီးကျော် လန့်တောင်နေပါတယ်တဲ့ ..

ဒီကောင်တွေရဲ့ ဥပမာက အပျို မ ထဲကကို မထွက် လို့ လေ

နောက်တစ်ယောက်လဲ ထွက်လာပြီး ..

” အပျိုမကလေးရဲ့ ကျောပြင် ကလေးလိုပါဘဲ ညီညာပြန့်ပြူး လို့ ”

” အော် ဒီကောင်က မာသာဘုတ် ကို စမ်းမိတာကိုး ”

နောက်ဆုံးတစ်ယောက် အထဲကို ၀င်သွားတော့ ကိုကြီးကျော် …စိတ်ဝင်တစား
စောင့်နေမိတယ် …

သူတို့ ဥပမာပေးတွေက ကောင်းလွန်းနေတာကိုး ကွယ်

နောက်ဆုံးဝင်သွားတဲ့ တစ်ယောက်ကတော့ ..အတင်း ၀ုန်းဒိုင်း ကျဲပြီး
ပြေးထွက်ရင်း ပြောသတဲ့

” ဟာ ….ကွန်ပျူတာ ဆိုတာ ပါးကို ရိုက်တတ် သဟ ” လို့ ဆိုပြီး ရဲတွတ်နေတဲ့
ပါးကို လက်နဲ့ ပွတ်ရင်း ပြောသတဲ့ ..

ကိုကြီးကျော် ပါးစပ်ဟောင်းသား ဖြစ်နေချိန်မှာဘဲ အခန်းထဲက
…မိန်းကလေးတစ်ဦးထွက်လာပြီး

” ဒီမယ် ကိုကြီးကျော် ..ရှင့် ကုမ္ပဏီမှာ အတွင်းရေးမှူးလုပ်လာတာ ကြာပြီ
..ဒီနေ့ ဘာအချိုး ချိုးတာလဲ ပါးကျိုးသွားချင်လို့လား ..တော်ပြီ ရှင့်
အလုပ်က ထွက်တယ် …” ဆိုပြီး ထွက်သွားပါသတဲ့ ..သည်တော့မှ ကိုကြီးကျော်လဲ..

” ဟိုက် …ငါ့ ..အတွင်းရေးမှူးမ ကို အခန်းထဲက ထွက်ခိုင်းဖို့ မေ့သွားပါလား
…တောက် ..ဟိုကောင်တွေ ဥပမာတွေက ကောင်းလှပါတယ် အောက်မေ့နေတာ …” တဲ့လေ။

:D

ဆရာကောင်း ( မြန်မာဟာသ <<>> မှ)

6:09 am in Other – Non Channelized by Shwemannmay

မယုံမရှိကြနဲ့ ။ ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့် ကိုရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့  ဆို

ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲလုံ့ လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့  ရဲ့

အားနည်းချက်လို့  ဆိုရမလားပဲ…။

ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။

ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့…မယ်ဆိုတော့ တအားကိုပဲ

ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့

ရှေ့  မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို

့…။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက

ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

“ပထမ အချက်အနေနဲ့ … … … အဟမ်းအဟမ်း…”

ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ

လေးလေးပင်ပင်နဲ့ …

“ရင်ခွဲရုံမှာ… ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ…

ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ

့လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ

့ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။

“အီးးးးးးး”

“အူးးးးးးး”

“အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက

အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …

“ကဲ… အားလုံးမြင်ပြီးကြတဲ့အတိုင်း… မင်းတို့  တွေ

ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့… ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”

မယုံမရှိကြပါနဲ့ ။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။

စောစောတုန်းက ‘ဟင်’ ရယ် ‘ ဟယ်’ ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ

မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။

လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ
မြည်အောင် စုပ်…။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။

အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့

တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။

“ဒုတိယအချက်ကတော့… ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ

မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က

ဘာလဲဆိုတော့… မျက်စိလျင်လျင်ထားပြီး… စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”

“အခုနတုန်းက… ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က…

လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့… လက်ခလယ် မဟုတ်ဘဲ… လက်ညှိုးကို

ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်… ဒီအချက်ကို…

ဘယ်ကျောင်းသားမှ… သတိမမူမိလိုက်ကြပါဘူး…”

:D

စာရေးသူ    ကိုပေါက်မန်း

“အမေက ငယ်သေးတယ်တဲ့ ရှင်…………”(အပိုင်းနှစ်)

Reading Counts: 231, January 9, 2011 in Drama, Essays.. by kopauk mandalay

//
//

ဘာလေးဖြစ်ဖြစ် ဘာသာတရားအမြင်နဲ့ သာတိုင်းတာတတ် ပြီး ပွင့်ပွင့်လင်းလင်းကြီးပြောတတ်ပြန်တဲ့
အပျိုကြီး “မမစိမ်း”ကတော့.
“နင်တို့ကလဲ ဆုတ်ကပ်လေဟယ် ဆုတ်ကပ်။
သာသနာကွယ်တဲ့ခေတ်။
ဒန့်ကျွဲပင် ပုခက်လွဲတဲ့ခေတ်။
လူတွေက ဒီတပ်မက်မူ့တွေနောက်ဘဲလိုက်၊
ဒီတဏှာကိစ္စဘဲစဥ်းစားနေကြတော့
စောစောအိမ်ထောင်ကျ စောစောမွေး
စောစော သေပေါ့ဟဲ. “ပါတဲ့။

ဘာမဆိုတွေးတွေးဆဆနဲ့ အကွက်လည်အောင်စဥ်းစားပြီးပြောတတ်တဲ့ “ဝေေ၀နွယ်” ကတော့
“ယောက်ျားလေး အိမ်ထောင်ပြုတယ်ဆိုတာက ယဉ်ယဉ်ကျေးကျေးလေးပြောရရင် အဖော်ရှာတာ။
သူ့ဝေယျာဝစ္စကို တသက်လုံးလုပ်ပေးမယ့်သူကို ရှာတာ။
ဒီအတွက် သူပြန်ပေးမှာကတော့ လုပ်ကိုင်ကြွေးမွေးမယ် ဘ၀ကို လုံခြုံအောင်အကာအကွယ်ပေးမယ်။
ယောက်ျားတွေပြောတတ်တဲ့ အချစ်တွေဘာတွေဆိုတာကတော့ အပေါ်ယံအကာတွေလို့ပြောမယ်ဆိုရင်လဲ ရပါတယ်။
မိန်းမသားတွေကလဲ ကိုယ့်ဘ၀လုံခြုံအောင် အတွက် စောင့်ရှောက်နိုင်သူလို့ ယူဆနိုင်တဲ့လူကိုလက်ထပ်မှာဘဲ။
အားကိုးရာရှာမှာဘဲ။
ကိုယ့်မိဘအိမ်က သာသာယာယာရှိနေမယ် ပြည့်စုံနေတဲ့ မိန်းကလေးတွေကတော့ အိမ်ထောင်ပြုဘို့က သူ့အတွက်
သိပ်အရေးမပါဘူး။အဲ အမြဲတမ်းပြဿနာတွေနဲ့လုံးထွေးနေတဲ့အိမ်ကမိန်းကလေး၊
စီးပွားရေးမပြေလည်တဲ့အိမ်ကမိန်းကလေး၊
သူ့ဘ၀အတွက်မလုံခြုံတဲ့အိမ်ဖြစ်ပေမယ့်လဲ အားကိုးရာမရှိလို့ ခိုကပ်နေရတဲ့မိန်းကလေးမျိုး၊
အမြဲတမ်းမလွတ်မလပ်နဲ့ အချုပ်အချယ်ခံနေရတဲ့ မိန်းမသားတွေကတော့
သူတို့ရဲ့လက်ရှိအခက်အခဲက လွတ်မြောက်အောင်ရုန်းထွက်တဲ့နည်းလမ်းကတော့
သူတို့ကို ကမ်းလှမ်းလာသူထဲက အားကိုးစရာကောင်းလောက်မယ်ထင်တဲ့သူကိုရွေးချယ်လို့
လက်ထပ် တတ်ကြတော့ စောစောစီးစီး အိမ်ထောင်ကျတာများပါတယ်။”

အသက်သာသုံးဆယ်ကျော်လာတယ် ငွေကြေးတော်တော်လေးလဲရှိပြီး
နွေးထွေးတဲ့ မိသားစုလေးထဲမှာ ကြီးပြင်းလာခဲ့သူ၊
အလုပ်အကိုင်ကလဲသူများတွေကို စီမံအုပ်ချုပ်ရတဲ့နေရာမှာ လူကြီးတစ်ယောက်လို
ဆောင်ရွက်နေရပေမယ့်လည်းအိမ်ရောက်တာနဲ့ကလေးလိုနေ၊
အဖေအမေကြား မှာ ၀င်ပြီးတိုးခွေ့ အိပ်တုံးလို့ ကြွေးကြော်တတ်သူ၊
သာယာချမ်းမြေ့တဲ့ ဘ၀ကို ပိုင်ဆိုင်သူ “ချိုချို”ကတော့
“’ဒို့ကတော့ အပူမရှာဘူး မိဘအရိပ်ထက်အေးတာ ဘာမှမရှိဘူး၊
အေးဒို့မိဘထားတာထက်သာအောင် ထားမယ်ဆိုရင်တော့ စဉ်းစားမယ်”လို့
“ဝေေ၀နွယ်”ရဲ့အဆိုကို သွယ်ဝိုက်သောအားဖြင့်ထောက်ခံသလိုပြောပါတယ်။

//
//

ကျနော်တို့ထက်အသက်ကြီးပြီး “လူပျိုဆိုတာ ဂုဏ်ရှိတယ်”ဆိုတဲ့ “ကိုကြီးထိန် “
“ အိမ်ထောင်ကျတယ်ဆိုတာအချစ်ဆိုတာကို ခံစားတတ်စ အရွယ်ငယ်တုန်းမှာ
ဘာမှ သိပ်မစဉ်းစားဘဲနဲ့ ယူချင်ယူလိုက်ကြ၊
အေးတဖြည်းဖြည်းအသက်ကြီးလာရင်တော့ ဟိုလိုစဉ်းစား ဒီလိုစဉ်းစား
ဟိုတွေးဒီတွေးနဲ့ ယူရမှာကြောက်ကြောက်လာတာဘဲ။
ဒီပြင်လူမကြည့် နဲ့ငါ့သာ ကြည့်တော့ “လို့ ဆိုပြန်ပါတယ်။

“ကိုဇော်ထက်” ရဲ့အမြင်ကတော့ တစ်မျိုး ထူးထူးဆန်းဆန်းပါ။
“ ယောက်ျားလေးအိမ်ထောင်ကျတာ ကံနိမ့်လို့”ဆိုပါတယ်။
ဒါဆိုရင် မိန်းကလေးက ကံမြင့်လို့ လက်ထပ်ရတာနေမှာပေါ့နော်။
တမျိုးတော့ တမျိုးကြီးပါ နားထောင်ရတာ။

(ဆက်လက်ဖော်ပြပါမည်)

စာရေးသူ    ကိုပေါက်မန်း

“အမေက ငယ်သေးတယ်တဲ့ ရှင်……”(အပိုင်းတစ်)

Reading Counts: 514, January 9, 2011 in Drama, Essays.. by kopauk mandalay

//
//

မနက်ကျနော်လမ်းလျှောက်ပြန်လာတဲ့အချိန်ဆိုရင်မနက် 7နာရီပါတ်ဝန်းကျင်ပေါ့။
ကျနော်ပြန်ရောက်တတ်တဲ့အချိန်လောက်မှာ အပေါ်ထပ်က “ကလေးလင်မယား”ကလည်း ပြိုင်တူလိုရောက်လာတတ်ကြပါတယ်။
တိုက်ခန်းရှေ့ရောက်ပြီဆိုတာနဲ့ သူတို့ စီးလာတဲ့ဆိုင်ကယ်ကစက်တောင်မသတ်သေးဘူး ကောင်မလေး က သူ့အမေကိုအော်ခေါ်တဲ့ “ မားမားရေ “ဆိုတဲ့ အသံကထွက်လာပါတယ်။
ဒီကလေးလင်မယားနှစ်ယောက်ဆိုတာ တက္ကသိုလ်အဝေးသင်တက်နေရင်းတန်းလန်း ကျောင်းမပြီးသေးဘဲအိမ်ထောင်ကျသွားတာပါ။
အလွန်ဆုံးရှိလှမှ 18နှစ်ပါတ်ဝန်းကျင်လောက်ဘဲ ရှိပေမယ့် အိမ်ဆွဲလဲလေးတစ်ယောက်က တွဲလဲလေးဖြစ်နေပါပြီ။
ဒီတိုက်ခန်းက ကောင်မလေးရဲ့ မိဘအိမ်ပါ။
ကောင်မလေးအိမ်ထောင်ကျတော့ ယောက္ခမအိမ်မှာလိုက်နေပါတယ်။
ဒါပေမယ့်လဲ သူတို့လင်မယားနှစ်ယောက်အလုပ်သွားတဲ့အခါ သူတို့သမီးလေးကို အမေ့အိမ်မှာ ကလေးထိန်းပေးဘို့ လာထားကြတာပါ။
မနက်ဆို သူ့အမေဆီမှာလာထား ညနေဆိုပြန်လာခေါ် သူတို့ ဟာနဲ့ သူတို့တော့ ဟုတ်နေတာပါဘဲ။
ဒီ “ကလေးလင်မယား “ကိုယ်တိုင်က နို့နံ့မစင်သေးတဲ့အရွယ် ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ခေါ်ကြရင်
“ အဖေကြီးရေ “ “အမေကြီးရေ “နဲ့ အင်မတန်မှကို အကြားရဆိုးပါတယ်။

မှတ်မှတ်ရရ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့် နေ့က စားသောက်ဆိုင်မှာ ထိုင်နေတုန်း ဒီတီဆိုင်ကယ်လေးတစ်စီး ကျနော်ထိုင်တဲ့ စားပွဲဘေးကို ဖျတ်ကနဲလာရပ်ပါတယ်။
ဆိုင်ကယ်ပေါ်ကနေ အလန်းဇယားလေးတွေနဲ့ လင်မယားစုံတွဲ ကလေးတစ်ယောက်စီကို ချီပြီးဆင်းလာကြပါတယ်။
နှစ်ယောက်စလုံးက လှတပတ အဆင့်မြင့်မြင့် သုံးနိုင်စွဲနိုင်တဲ့အဆင့်အတန်းထဲက ပုံစံမျိုး။
ဝတ်စားထားတာကလဲ တန်ဖိုးကြီးပြီး နာမယ်ရှိတဲ့ တံဆိပ်တွေ။
ဒါပေမယ့်နှစ်ယောက်လုံးမျက်နှာက မသာမယာ စကားများထားတဲ့ပုံစံမျိုးပေါက်နေပါတယ်။
အရွယ်လေးကြည့်ပြန်တော့ ခပ်ငယ်ငယ် အသက်20ထက်မကျော်သေးတဲ့ ပုံစံလေးတွေ။
လွတ်လွတ်လပ်လပ် နေရမယ့် ဒီအရွယ်လေးမှာတောင် ကလေးနှစ်ကောင်က တိုးလို့တွဲလောင်းဆိုတော့ သူတို့ကို ကြည့် ရတာအပျော်တွေပျောက်နေသလိုပါဘဲ။
သူတို့ စုံတွဲက ကျနော်နဲ့မလှမ်းမကမ်းမှာထိုင်နေရင်း ကောင်မလေးက
“ နင်က တစ်ရက်တစ်လေ လေး ကိုယ့်မိသားစုနဲ့ကိုယ် သွားရတာကို အလကားနေရင်းလောနေတယ် တခြားကောင်မတွေနဲ့ဘဲ လွင့်နေချင်တာ “
ဆိုပြီး ကောင်လေးကို ကွိုင်တွေပူနေပါတယ်။
လူကြားထဲမို့ထင်ပါတယ် ကောင်လေးက ဘာမှ ပြန်မပြောပေမယ့် အိမ်ရောက်မှသိမယ်ဆိုတဲ့ မျက်နှာပေးလေးကတော့
ပေါ်လွင်လို့ နေပါတယ်။

သူတို့တွေကို မြင်ရတော့ မန္တလေးတောင်ခြေက ကျောက်တော်ကြီးဘုရားတန်ဆောင်းမှာ ချိတ်ထားတဲ့
ကောသလမင်းအိပ်မက် (16)ချက်ပန်းချီကား ထဲက သစ်ပင်သေးသေးလေးတွေက အသီးတွေသီးနေတဲ့
ပုံကို ပြန်မြင်မိပြီး “သူ့အိပ်မက်ကလဲ မှန်လိုက်တာ နော်”လို့ တွေးမိပါတယ်။

//
//

အခုခေတ်မှာ အရင်ထက်စာရင် ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျ ကြတာပိုများတယ်လို့လဲထင်မိပါတယ်။
ကျနော်တို့ငယ်ငယ်က အထက်တန်းကျောင်းသားဘ၀မှာ အိမ်ထောင်ကျကြတယ်ဆိုတာမရှိသလောက်ပါ။
အတော်များများကတော့ ဆယ်တန်း အောင်ရင် ဘွဲ့ရအောင်ကျောင်းတက်အလုပ်အကိုင်တွေရှိမှ
ပညာစုံမှ ကြင်ယာကို ပုံကြတာများပါတယ်။
အားလုံးဒီလိုဘဲလားလို့ဆိုတော့ လဲ မဟုတ်ပြန်ပါဘူး။
ကျနော်တို့ခေတ်မှာလဲငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျ တဲ့သူတွေရှိတော့လဲ ရှိပါတယ်ပါတယ်။
ရှိတော့ ရှိတယ် ရှားတယ်လို့လဲပြောနိုင်တာပေါ့လေ။

”အခုခေတ်မှာ အိမ်ထောင်စောစောကျကြတာ ဘာကြောင့်လဲ”ဆိုတာကို
မိတ်ဆွေသူငယ်ချင်းတွေဆုံမိကြတဲ့အခါဝိုင်းပြီးပြောကြ ထင်မြင်ချက်တွေပေးကြ
ထောက်ခံကြ ငြင်းခုန်ကြတာတွေကို အလုပ်မရှိအလုပ်ရှာပြီးလုပ်ခဲ့ကြဘူးပါတယ်။
လူအမျိုးမျိုးဆိုတော့လဲ ထင်မြင်ချက်တွေအမျိုးမျိုးပေါ့။

ကျနော်တို့ငယ်သူငယ်ချင်းတွေထဲမှာ 19နှစ်ကျော်ကျော်နဲ့ အိမ်ထောင်ကျသွားတာကတော့
“ဖိုးလှကြီး”ပါ။
သူက ဆယ်တန်းမှာ နှစ်ခါကျတော့ ကျောင်းဆက်မတက်ဘဲ သူ့အဖေထောင်ထားတဲ့ ဖိနပ်လုပ်ငန်း
ထဲမှာဘဲဝင်လုပ်ပါတယ်။
အလုပ်ထဲရောက်လို့ တစ်နှစ်လောက်နေတော့ သူ့အဖေက လုပ်ငန်းကို ဦးစီးခိုင်းရုံတင်မက ဘဲ မိန်းမပါ
တစ်ခါတည်းပေးစားလိုက်ပါတယ်။ သူတို့်လုပ်ငန်းမှာသုံးတဲ့ ဖိနပ်အောက်ခံ ရာဘာဆိုးလ်တွေရောင်းတဲ့
ကုန်သည်ရဲ့သမီးနဲ့ပါ။
“ဖိုးလှကြီး “ကိုဗျူးကြည့်တော့ သူပြန်ဖြေတာ ရှင်းရှင်းလေးပါ။
“ မယ်တော်ကြီး က မိန်းမ မယူမချင်း နားပူနေမှာ၊မယူချင်လဲယူရမှာ ယူချင်တယ်ဆိုလဲယူရမှာ၊
အဲတော့ သူတို့ပေးစားတာကို မြန်မြန်ယူလိုက်တော့ မြန်မြန်နားအေးတာပေါ့။
ငါလဲည ကျတော့ တစ်ယောက်ထဲ မအိပ်ရတော့ ဘူးပေါ့”

အားရင်စာတွေဖတ် ဘာမဆို အကြီးကြီး စဉ်းစားပြီး အကြီးကြီး ပြောတတ်တဲ့ “ကိုဆွေ” ကတော့
“အဲဒါခေတ်စနစ်နဲ့ဆိုင်တယ်။
လူတန်းစားအားလုံးသာ စီးပွားရေးပြေလည်မယ် ဆိုရင် ဒီအိမ်ထောင်သားမွေးကိစ္စတွေက မိုင်နာတွေဘဲ။
ကလေးလို့ဆော့ တဲ့ အချိန်မှာ ကလေးလိုဆော့ ၊ကျောင်းနေချိန်မှာ ကျောင်း ၊နေ အလုပ် လုပ်လုပ်တဲ့
အရွယ်ရောက်ရင် အလုပ်လုပ် ၊အိမ်ထောင်ပြုချိန်မှာ အိမ်ထောင်ပြု ၊
သူ့အချိန်နဲ့သူအစီအစဉ်တကျဖြစ်သွားရမှာ။
အခုတော့ စားဝတ်နေရေး အဆင်မပြေတာများတော့ အိမ်ရှိသမျှ လူကုန် အလုပ်လုပ် ။
ကလေးကလဲ ကလေးလိုလဲမဆော့နိုင်။
ကျောင်းသားကလဲ ကျောင်းသားလို စာအေးအေးမသင်နိုင်နဲ့
အချိန်မတန်ဘဲ အရွယ်တွေရောက။်
ဒီတော့ လဲ အိမ်ထောင်ရေးဆိုတဲ့ နွံထဲကို စောစောရောက်တော့ တာပေါ့”
(ဆက်လက်ဖော်ပြပါမည်)

မြန်မာသူငယ်ချင်းမပာုတ်သူတွေအတွကဗျာများ

ဒီဇင်ဘာ (၁၄) ရက်တိုင်းသည် မြန်မာသူငယ်ချင်းများနေ့ ဖြစ်သည်

မြန်မာသူငယ်ချင်းများ (http://friendsdaygroup.ning.com) ဆိုက်မှ အဖွဲ့ဝင်များ၏ ကဗျာများကို ရွေးချယ်ပေးထားခြင်းဖြစ်သည်။ ရွေးထားသော ကဗျာတွင် သင့်ကြိုက်သောမပါခဲ့ပါက ကိုယ်တိုင်ဝင်ရောက် တင်နိုင်ပါသည်။

Browse: Home / / မချော ၃-ယောက် ကိုယ်တစ်ယောက်

မချော ၃-ယောက် ကိုယ်တစ်ယောက်

By MMFD on October 15, 2010

အိမ်က မချော ၃-ယောက်နဲ့ မိတ်ဆက်ပေးဦးမယ် ။

အမျိုးသမီးနာမည်က ချောစုဝင်း တဲ့..။

သမီးကြီးနာမည်က သဒ္ဒါညီညီ တဲ့..။

သမီးငယ်နာမည်က ကဗျာညီညီ တဲ့..။

————————–

အမျိုးသမီးက ဆရာမ..။

သမီးကြီးက ၄-တန်း..။

သမီးငယ်က ၁-တန်း..။

————————–

အိပ်ယာက ထထချင်း

အမျိုးသမီးက မီးဖိုခန်းထဲ တန်းဝင်တယ်..။

သမီးကြီးက ရွှေသွေး တို့ တွတ်ပီတို့ ဖတ်တယ်..။

သမီးငယ်က ကာတွန်းကား ကြည့်တယ်..။

————————–
မနက်စာအဖြစ်

အမျိုးသမီးက ထမင်းကြော် စားတယ်..။
သမီးကြီးက ခေါက်ဆွဲ ဒါမှမဟုတ် ပေါက်စီ စားတယ်..။
သမီးငယ်က ပေါင်မုန့် ကိတ်မုန့်စားတယ်..။

————————–
ကျနော်အလုပ်သွားရင်

အမျိုးသမီးက ထီးပါရဲ့လား နာရီပါရဲ့လား မေးတယ်..။
သမီးကြီးက ဘယ်နှနာရီ ပြန်လာမှာလဲ မေးတယ်..။
သမီးငယ်က လက်ဆွဲပြီး အပေါက်ဝအထိ
လိုက်နှုတ်ဆက်တယ်..။

————————–
ကျနော်အလုပ်ကပြန်လာရင်

အမျိုးသမီးက နောက်ကျလိုက်တာလို့ ပြောတယ်..။
သမီးကြီးက ရေခပ်တိုက်တယ်..။
သမီးငယ်က မုန့်ဆိုင်လိုက်ပို့ပေးဖို့ ပြောတယ်..။

————————–
တီဗီဇတ်လမ်းတွဲတွေပြီးရင်

အမျိုးသမီးက အ၀တ်တွေကို မီးပူတိုက်တယ်..။
သမီးကြီးက Computer Game ဆော့တယ်..။
သမီးငယ်က Twelve Little Princesses ကားကိုနောက်တစ်ကြိမ် ထပ်ကြည့်တယ်..။

————————–
အိပ်ယာဝင်ပြီဆိုရင်

အမျိုးသမီးက ဘုရားစာရွတ်ခိုင်းတယ်..။
သမီးကြီးက မချမ်းသေးဘဲနဲ့ စောင်ခြုံပေးခိုင်းတယ်..။
သမီးငယ်က ပုံပြင်ပြောခိုင်းတယ်..။

————————–
မိုးမိတာကိုအကြောင်းပြပြီး ကျနော်အရက်သောက်ပြီဆိုရင်

အမျိုးသမီးက သရက်ချဉ်သုတ်ပေးတယ်..။
သမီးကြီးက ဦးညီညီ အရက်သမားကြီးလို့ပြောတယ်..။
သမီးငယ်က ဖေဖေ ဘာလို့သောက်တာလဲလို့မေးတယ..။်

————————–
ရုံးလခတွေ ကျူရှင်လခတွေ စုပြုံရလာတဲ့နေ့ဆိုရင်

အမျိုးသမီးက ဖေကြီးလို့ ခဏခဏ ခေါ်တတ်တယ် (တခြားနေ့တွေမှာတော့ ကိုညီ လို့ခေါ်လေ့ရှိပါတယ်)..။
သမီးကြီးက ပိုက်ဆံတွေကို လေးငါးခြောက်ခါ ရေတွက်နေတတ်တယ်..။
သမီးငယ်က အရုပ်ဝယ်ပေးဖို့ပြောတတ်တယ်..။

————————–
မတော်တဆ ငွေပြတ်သွားတဲ့အခါဆိုရင်

အမျိုးသမီးက ဆွဲကြိုး လက်စွပ် တစ်ခုခု ချွတ်ပေးတတ်တယ်..။
သမီးကြီးက သူစုထားတဲ့ မုန့်ဖိုးလေးတွေကို လုံးထွေးပြီး ဖေဖေ ရော့လို့ ပေးတတ်တယ်..။
သမီးငယ်က အရုပ်ပါတဲ့မုန့်တွေ သမီးမယူတော့ဘူးလို့ ပြောတတ်တယ်..။

————————–
ရုံးအလုပ်နဲ့ ကျနော်ခရီးဝေးသွားရပြီဆိုရင်

အမျိုးသမီးက အိမ်တံခါးတွေကို နေမ၀င်ခင် ပိတ်ထားတတ်တယ်..။
သမီးကြီးက Calendar မှာ ပြန်လာမယ့်ရက်ကိုတွက်ကြည့်နေတတ်တယ်..။
သမီးငယ်က ဖအေရဲ့ခေါင်းအုံးကို ဖက်အိပ်နေတတ်တယ်..။

————————–
ကျနော်ခရီးကပြန်ရောက်ပြီဆိုရင်

အမျိုးသမီးက နည်းနည်းပိန်သွားတတ်တယ်..။
သမီးကြီးက နှာစေး ချောင်းဆိုးဖြစ်နေတတ်တယ်..။
သမီးငယ်က အစားအသောက်ပျက်နေတတ်တယ်..။

————————–
ကျနော်အလုပ်နားတဲ့ရက်ဆိုရင်

အမျိုးသမီးက ဘုရားလိုက်ပို့ခိုင်းတတ်တယ်..။
သမီးကြီးက ရုပ်ရှင်သွားကြည့်ရအောင်လို့ပြောတယ်..။
သမီးငယ်က Happy World ကို လိုက်ပို့ခိုင်းတယ်..။

————————–
ရှားရှားပါးပါး မိသားစုလက်ဆုံ ထမင်းစားရတဲ့နေ့ဆိုရင်

အမျိုးသမီးက လက်ဖက်သုတ်တစ်မျိုးထဲပဲ ပြင်ထားမိတတ်တယ်..။
သမီးကြီးက ဖေဖေ ဒီမှာကြည့် ဆိုပြီး ပလုပ်ပလောင်းစားပြတတ်တယ်..။
သမီးငယ်က ဖေဖေ ခွံ့ကျွေးလို့ ပြောတတ်တယ်..။

————————–
ကျနော် နေထိုင်မကောင်းဖြစ်တဲ့အခါဆိုရင်

အမျိုးသမီးက ငါ့ကို ကလေးတွေနဲ့ မထားခဲ့နဲ့တော့ လို့ ပြောတတ်တယ်..။
သမီးကြီးက ဖေဖေ သမီး နင်းပေးရမလား လို့မေးတတ်တယ်..။
သမီးငယ်က ကြောင်လေးတစ်ကောင်လို ဖအေရဲ့ရင်ခွင်ထဲ တိုးခွေ့ ၀င်တတ်တယ်..။

————————–
အိပ်မက်တွေအဖြစ်

အမျိုးသမီးက ကျောင်းအုပ်ဆရာမကြီး ဖြစ်ချင်တယ်..။
သမီးကြီးက Hip Hop အဆိုတော် ဖြစ်ချင်တယ်..။
သမီးငယ်က ဆရာမ ဖြစ်ချင်တယ်..။

————————–
စိတ်ဆိုးတဲ့အခါ

အမျိုးသမီးက အ၀တ်တွေကို ဖွပစ်ပြီး ပြန်စီနေတတ်တယ်..။
သမီးကြီးက ခုံတွေကို တဒုန်းဒုန်းထုတတ်တယ်..။
သမီးငယ်က ဖေဖေ့ကို မချစ်တော့ဘူး မခေါ်တော့ဘူးလို့ ပြောတတ်တယ်..။

————————–
ပျော်ရွှင်နေတဲ့အခါ

အမျိုးသမီးက ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောတတ်တယ်..။
သမီးကြီးက သူ့ဘာသာ သီချင်းတွေစပ်ပြီးအော်ဆိုနေတတ်တယ်..။
သမီးငယ်က ကြော်ငြာသီချင်းတွေကို လိုက်ပြီး သရုပ်ဆောင်နေတတ်တယ်..။
———————————————–
မချောက သုံးဗွေ အီဖေကိုယ်က တစ်ကိုယ်တည်း ဆိုပေမယ့်
ကိုယ်ပိုင် မိသားစုတစ်ခုကိုတော့ ပိုင်ဆိုင်ထားမိပြီပေါ့..။
ဘယ်အချိန်ထိလဲ ဘယ်လိုချစ်မှာလဲ လို့ နွဲ့ယဉ်ဝင်း ရဲ့ သီချင်းထဲကလို မေးလာခဲ့ရင်တော့
အဲဒီသီချင်းထဲကလိုပဲ…
နေမ၀င် အချစ်လို အချစ်ကို ကိုးကွယ် ယနေ့မှစ နှစ်တစ်ရာတိုင်ကွယ် လို့ ဖြေရမှာပဲ ။
သမီးကြီးကြိုက်တတ်တဲ့ Hip Hop စကားလုံးနဲ့ ဆိုရင်တော့
ကျနော့်ရဲ့ ၀င်သက် ထွက်သက်တွေ ရပ်တန့်သွားတဲ့ အထိပေါ့.. ။………..။

ကိုညီ

View full article »

Hello world!

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!

Follow

Get every new post delivered to your Inbox.